ဆန္ဒတွေကိုရှေ့တန်းတင်လို့မရတော့တဲ့ဘဝမှာ
ငါဟာဖြူစင်ရိုးသားတဲ့ချစ်သူပဲဖြစ်ချင်တယ်
ငါဘယ်တော့မှသူ့ကိုလက်ထက်လို့မရတော့ဘူးဆိုတာပဲ
ငါပျိုးထားတဲ့ပန်းတပွင့်ငါနမ်းခွင့်တော့ရချင်တာပေါ့
ဒါပေမယ့်ငါပေးဆပ်လိုက်ရပြီလေ
ငါဘာကိုမှမလိုချင်ပါဘူးဟာ
သူပျော်နေရင်ကျေနပ်ပါပြီ
ငါကခုချိန်မှာဒုတိယလူပါ
Tuesday, March 11, 2008
ဒုတိယလူရဲ့ဆန္ဒ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
4:58 PM
1 comments
Labels: ချစ်သူအတွက်ကဗျာ
ပူလောင်ခြင်းလမ်းခွဲ
မျက်ရည်တစ်စ
ငါ့ရင်က သွေးတစ်စနဲ့
အရာရာကို စွန့်ခွါ
ဒါဏ်ရာ ဒါဏ်ချက်ပေါင်း များစွာနဲ့
အလဲထိုးသွားတဲ့
မင်းလှည့်ကွက်တစ်ချို့မှာ
မြှုပ်လိုက် ပေါ်လိုက်နဲ့ ငါ နာကျင်သွားပြီ။
အနူးညံဆုံး အပြုံးတစ်ခု
မနေ့ကမှ
မင်းငါ့ကို လက်ဆောင် ပေးခဲ့ပါသေးတယ်။
ငါမထင်မိဘူး
အဲ့ဒီအပြုံးမှာ လမ်းခွဲခြင်းပါမယ်လို့။
အဆိုးရွားဆုံးက
နွေးထွေးနေတဲ့ မင်းရင်ခွင်မှာ
ငါ့ကို မောင်းထုတ်ခဲ့ခြင်းပဲ။
ငါအလိုက်တသိနဲ့
တိုးတိတ်စွာ ထွက်ပြေးခဲ့ပါတယ်
မင်းအရိပ်တွေ နောက်က လိုက်နေဆဲ။
မင်းငါ့ကို မောင်းထုတ်ခဲ့ပြီးပြီပဲ
နေခဲ့တော့လေ။
ငါထွက်လာတော့ မင်းပျော်မှာပါ
ငါဝေးသွားတော့ မင်းအေးချမ်းမှာပါ
ဒါပေမယ့်
ငါလေ... နာကျင်စွာ ငိုနေတုန်း
စကာလုံး တစ်ချို့နဲ့ မေ့လဲသွားတယ်။
ငါနိုးထလာတော့ ငါ့အနားမှာ
ဖိတ်စာတစ်စောင်နဲ့
မင်းအပြုံးတွေ တွေ့လိုက်ရတယ်။
အရင်တုန်းကလို အပြုံးမျိုး မဟုတ်တော့ဘူး...ချစ်သူရေ။
မှတ်ချက်ညီလေးသားဖြိုးမှပေးသောကဗျာဖြစ်ပါတယ်
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
12:28 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Monday, March 10, 2008
ထားခဲ့တဲ့သူတယောက်အတွက်
ငါမငိုဘူးဒါပေမယ့်မျက်ရည်အလိုလိုကျနေမိတယ်
ငါဝမ်းမနည်းဘူးငါကြေကွဲနေခဲ့တယ်
ငါမင်းရဲ့အဝေးတနေရာကိုတိတ်တဆိတ်ထွက်သွားချင်ပြီ
ငါ့ကိုသံယောဇဉ်တွေမပေးပါနဲ့တော့
ထာဝရနှုတ်ဆက်သွားသင့်ပါပြီကွာ
မင်းလျှောက်မယ့်ဘဝလမ်းမှာခလုတ်မထိမိရင်တော်ပါပြီ
ငါကျေနပ်တယ်
ငါဟာအဖြည့်ခံသက်သက်ပါ...
အရာရာနောက်ကျနေတဲ့လူတယောက်အတွက်တော့
မင်းအနားမှာခေတ္တနေခွင့်တော့ငါရချင်တယ်
ငါတို့အတူတူပျော်ရမဲ့အချိန်တွေနေရမဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပါပြီ
ငါယုံကြည်နေခဲ့တဲ့ငါ့ကံတရားကငါ့ကိုတခါထပ်အသဲကွဲစေခဲ့တယ်
ငါ့ကံတရားပေါ့လေ
ဒါပေမယ့်မင်းကိုသိပ်ချစ်ခဲ့လို့စဉ်းစားခဲ့တာပါချစ်သူရယ်
ထာဝရပျော်ရွှင်နိုင်ပါစေ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
3:54 PM
1 comments
Labels: ချစ်သူအတွက်ကဗျာ
Tuesday, March 4, 2008
ချစ်သူအတွက်
နင်သိပါတယ်ငါနင့်ကို
ချစ်သလားမချစ်ဘူးလားဆိုတာ . . .
နင်သိပါတယ်
ငါက နင်မရှိရင် ကျောရိုးမရှိတဲ့သတ္တ၀ါလို . . .
အရောင်တွေမရှိတော့တဲ့ဘ၀ထဲမှာ
စက်ဆုတ်စရာ ငါ့ကိုဝိုင်းကြည့်နေတဲ့မျက်လုံးတွေကို
အရမ်းမုန်းပေမယ့်
ငါနင့်ကိုလှမ်းမပြုံးပြတော့ပါဘူး . . .
နင့်ဘေးကလူကငါမှမဟုတ်တာ . . .
ဒါပေမယ့်လေ
ငါ့ရင်ခွင်က နင်လာချင်ရင်လာလို့ရပါတယ် . . .
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:29 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Monday, January 28, 2008
ဒီနေ့ခံစားချက်
လွမ်းတယ်ဆိုတာထက်ရင်နာတာပါ
ချစ်တယ်ဆိုတာထက်ကြေကွဲမှုတွေဖြစ်နေတာပါ
မုန်းတယ်ဆိုတာထက်စိတ်နာနေတာပါ
သစ္စာမရှိတဲ့မိန်းခလေးမျိုး
သစ္စာမရှိတဲ့သူငယ်ချင်းမျိုးတွေနဲ့
နောက်ထပ်မတွေ့ကြုံရပါစေနဲ့လို့ဘုရားရှင်မှာငါဆုတောင်းမိတယ်
အလွမ်းအခံရှိလို့တော့မဟုတ်ဘူး
ဒါပေ့မယ့်ငါသူ့ကိုမေ့မရဘူး
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
7:17 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Friday, January 25, 2008
စောင့်နေတဲ့ငါ
အဝေးရောက်နေတဲ့ပန်းတပွင့်ကို
လှမ်းဆွတ်ဖို့ငါ့မှာအင်အားတွေပျောက်ဆုံးခဲ့ပြီ
ငါ့ကိုချစ်တတ်အောင်ပြုစားပြီးမှ
မင်းကအဝေးထွက်သွားတယ်
ငါ့ဘာကိုမှမလုပ်ချင်တော့လောက်အောင်
မင်းအစွမ်းထက်ခဲ့တာပါချစ်သူ
အဝေးရောက်နေရင်အချစ်ဆိုတာ
သွေးအေးနေတတ်သလား
ငါမင်းကိုအပြစ်မတင်ရက်ပါဘူး
နားလည်မှုတွေလဲပေးထားခဲ့တယ်
ဒါပေ့မယ့်
မင်းကတော့ဟိုးအဝေးတနေရာမှာ
အခြားတယောက်နဲ့ပျော်ရွှင်နေမှာပေါ့
မင်းငါ့ကိုအရူးလုပ်ပြီးတော့
တနေရာမှာလှောင်ရယ်နေမှာပေါ့
ငါဆုတောင်းပေးနေတယ်ချစ်ရသူရေ
သံသရာတကွေ့မှာ
ပြန်ဆုံရင်လှောင်ရယ်သံလေးတွေ
ငါ့နားထဲကြားပါရစေ
ထာဝရငါ့ကိုလှောင်ရယ်နိုင်ပါစေချစ်ရသူရေ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
9:25 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Thursday, January 24, 2008
အဝေးရောက်သူ
သွားတုန်းကသွားနှင့်ပြီးမှ
အဝေးရောက်မှလှည့်မကြည့်နဲ့ကွာ
သံယောဇဉ်တွေတည်းနှောင်လို့မရအောင်လုပ်ပြီးမှ
လှည့်ကြည့်နေသေးလား
အဝေးရောက်မှချစ်တယ်လို့အော်ပြောချင်နေတာလား
ဟိုးတဖက်ကမ်းမှာငါလွမ်းနေလဲ
မင်းဂရုစိုက်ခဲ့လို့လား
မင်းကတော့တခြားဖက်ကမ်းမှာပျော်ရွှင်နေတယ်
ဆိုတာငါသိပါတယ်ချစ်သူ
ပျော်နိုင်ပါစေ
ငါကအဝေးရောက်နေတဲ့သူပါ...
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
4:01 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Friday, January 4, 2008
တမ်းတခြင်း
မက်ခဲ့ဘူးပါတယ် အိပ်မက်လှလှလေးတွေ
တောင့်တခဲ့ဘူးတာပေါ့ မင်းနဲ့ဆိုတဲ့အသိတွေ
ရှိခဲ့ဘူးပါတယ် မင်းအတွက်ဆိုတဲ့အတွေးတွေ
တကယ်တမ်းမှာ ဘာမှဖြစ်မလာပဲ
ရင်မှာဟာတာတာနဲ့ကျန်ရစ်ခဲ့ရသူပါ
ရင်နင့်စွာနဲ့ မုန်းလိုက်ပါလို့မပြောချင်ပေမယ့်
မင်းအတွက်ပြတ်သားရတော့မယ်
မင်းပျော်မယ်ဆိုရင်ငါ့ဘ၀ဘာဖြစ်ဖြစ်ပေါ့
လှည့်မကြည့်ပါနဲ့
တွယ်တာမှုတွေပေးတဲ့မျက်ဝန်းတွေကိုငါမခံစားနိုင်လို့ပါ
ငါနဲ့အဝေးဆုံးမှာ မင်းရောက်နေပါစေ
ငါ့နှလုံးသားဒဏ်ရာတွေနဲ့သွေးအလိမ်းလိမါးဖြစ်နေပါစေ
မင်းဟာငါ့ရဲ့ ထာဝရပါ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:39 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Friday, December 7, 2007
အဲဒီညနေ
သတိရလွန်းတဲ့ စိတ်ကို ထိန်းချုပ်မထားနိုင်တော့တဲ့အခါ ...
ကော်ဖီခါးခါးတစ်ခွက်ကို တစ်ကျိုက်မော့လိုက်တဲ့အခါ ...
မင်း အပြုံးတွေကနေ ဟိုးအဝေးကို ...
ဝေးလွင့်တဲ့အခါ .....
ငါ့နှလုံးသားမှာ ဒဏ်ရာတွေ ထင်ကျန်ပါစေ ... ချစ်မယ် ...
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:33 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Wednesday, December 5, 2007
ငါ့အမှား
ငါ့နှလုံးသားမှာမင်းကိုနေရာပေးမိတာငါ့အမှားပါ..
အော်ချစ်မိတော့လဲလွမ်းရတာပေါ့
ငါ့နှလုံးသားမှာမင်းကိုနေရာမပေးမိရင်အကောင်းသား
ခုတော့ငါ...............
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
1:29 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Friday, November 30, 2007
ငါ့ဆုတောင်း
ငါဘ၀မှာခဏပဲသာခဲ့တဲ့ငါဘ၀ရဲ့ လမင်းရယ်
မင်းကွယ်ပျောက်သွားတော့ငါလမ်းပျောက်နေခဲ့တယ်
ခဏတာသာယာခဲ့တဲ့အလင်းရောင်ကိုငါစွဲလန်းမိတော့နှလုံးသားနဲ့မမျှစွာခံစားခဲ့ရတယ်
ငါလေဘုရားရှင်ရှေ့ ရောက်တိုင်းဆုတောင်းမိတယ်...
ဝဋ်ကြွေးတွေသာရှိခဲ့ရင်နောင်ဘ၀ဆိုတာရှိခဲ့ရင်
်ဒီဝဋ်ကြွေးဒီဘ၀ဒီမျှနဲ့သာကြေပါစေတော့လို့ဆုတောင်းနေမိတယ်
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
5:48 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Sunday, November 25, 2007
နိဒါန်းနဲ့နိဂုံး
ငါဟာ မင်းအတွက် အရေးမပါတဲ့ လူတစ်ယောက်
မင်းငါ့ကို နင်းချင်နင်း နမ်းချင်နမ်းနိုင်တယ်။
ဒါပေမဲ့
တစ်ခုတော့သိထားလိုက်ပါ။
ငါဟာ အသက်မဲ့တဲ့ ရုပ်ထုတစ်ခု မဟုတ်ဘူးဆိုတာ။
မြင်အောင်ကြည့်ပါ။
မင်းတစ်ချက်လေး စောင်းငဲ့ကြည့်ရုံနဲ့ မြင်နိုင်လောက်အောင်ကို
ငါဟာမင်းအတွက် ရှင်သန်နေခဲ့တာပဲ။
ငါ့ကိုယ်ငါတောင် မယုံနိုင်ခဲ့ပါဘူး။
မင်းရဲ့အကြည့်တစ်ချက်မှာ
ငါ့ရင်ခုန်သံတွေ အတုန်းအရုန်းကျဆုံး
ဘာတန်ခိုးတွေနဲ့များ ပြုစားထားလို့
ငါမုန်းမရနိုင်တာလဲ မိန်းကလေးရယ်။
အချစ်ဆိုတဲ့ အရာကပဲ နက်ရှိုင်းလွန်းတာလား။
ငါကပဲ ဥာဏ်မမီတာလား။
အခုချိန်ထိ ရင်ထဲက ခံစားချက်ကို မင်းသိအောင် စာမဖွဲ့နိုင်သေးဘူး။
ငါဒီမှာ ခံစားရတာတွေလည်း ရင်နဲ့တောင် မမျှတော့ဘူး။
ကောင်မလေးရေ...
ရေးချလို့ မရနိုင်တဲ့ ကဗျာတွေ ငါ့ရင်ထဲမှာ ရှိနေတုန်းပဲ။
ရွာမချနိုင်တဲ့ မိုးအတွက် ပန်းတွေလည်း မပျိုးပေးတော့ဘူး။
ကိုယ့်အချစ်တွေကို
တစ်ပါးသူသိအောင် လုပ်ရတာ ပင်ပန်းတယ်။
အရာရာတိုင်းမှာ အဆုံးဆိုတာ ရှိမှာပဲ။
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
1:43 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
ငါမင်းကိုချစ်တယ်
ဘာရယ်မဟုတ်ပါဘဲ
ကျလာတဲ့ မျက်ရည်အတွက်
ငါက ဘာကြောင့်ဝမ်းနည်းပေးရမှာလဲ။
မဖြစ်နိုင်ဘူး သိတယ်။
ဒါပေမယ့်
အဝေးက လမင်းကို ဖမ်းဆုပ်ချင်တုန်းပဲ။
ပျော်ချင်တယ်။
ငါ့ရဲ့ စိတ်အစဉ်လို
လေမှာ မျောလွင့်ပစ်လိုက်ချင်တယ်။
အပြစ်တွေရဲ့ အဝေး
အချစ်တွေရဲ့ အဝေး
မဖြစ်နိုင်ဘူး သိတယ်။
ဒါပေမယ့် ...ငါမင်းကိုချစ်တယ်...
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
1:39 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Tuesday, November 20, 2007
မင်းနဲ့အတူ
မင်းလေးပြုံးတဲ့အခါ
ကို့ရင်မှာပျော်နေတယ်
မင်းလေးရယ်တဲ့အခါ
ကို့ရင်မှာပန်းတွေပွင့်နေသလိုပဲ
မင်းလေးငိုနေတဲ့အခါ
ရင်မှာထွေးပွေ့လို့
ကို့ရဲ့ရင်ထဲ
မင်းနဲ့ထပ်တူဝမ်းနည်းနေတယ်
သူစိမ်းဆန်တဲ့စကားလေးတွေကြားတဲ့အခါ
ကို့ရင်မှာဝမ်းနည်းနေတယ်
မင်းစိမ်းတဲ့နေ့တွေ
ကို့ရင်မှာကွဲကြေတဲ့နေ့ပဲ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
10:34 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Monday, November 19, 2007
အချစ်ဆိုတာ
အချစ်ဆိုတာရယူခြင်းလား
ပေးဆပ်ခြင်း
ငါ့အတွက်တော့အချစ်ကရယူခြင်းတွေမဖြစိနိုင်တော့တဲ့အခါ
အဆုံးအစမရှိတဲ့ပေးဆပ်မှုတွေနဲ့ပဲ
အောက်ကျနောက်ကျခံနှလုံးသားနဲ့
အရှုံးများထွေးပွေ့ရင်းရက်ရက်စက်စက်ပုတ်ချခဲ့တဲ့
ဲ့မင်းရဲ့ ရှေ့ မှာဒူးထောက်ကျရှုံးပါရစေလား.....
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
2:48 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Sunday, November 18, 2007
ချစ်သူသင်ပေးခဲ့တဲ့အရာ
ဖုန်း ထဲ မှာတော့ သူ့အသံလေး က နားထောင်ကောင်းသား
ချက် တာကိုလည်း သူပဲသင်ပေးတယ်။
ဖုန်းဆက် တာကိုလည်းသူပဲ သင်ပေးတယ်။
ပြီးတော့ .............
ချစ်တာ ကိုလည်း သူပဲသင်ပေးပြန်တယ်။
ဒါပေမဲ့ သူ မသင်ပေးပဲ တတ်သွားတာ.........အမုန်းတွေနဲ့
အလွမ်းတွေပေါ့.................
လွမ်းတယ်ကွာ
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:54 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Thursday, November 15, 2007
ခွင့်လွှတ်ခြင်း
ဘာပြောပြောဘာလုပ်လုပ်ခွင့်လွှတ်ထားပါတယ်...
ဘယ်လောက်ထိချစ်တယ်ဘယ်လောက်ချစ်ခဲ့တယ်လို့လဲထုတ်မပြောချင်တော့ပါဘူး..
မင်းငါ့ကိုထားသွားလဲအပြစ်မတင်ရက်ပါဘူး...
အဓိကတရားခံကငါပဲ...ငါအသုံးမကြခဲ့လို့ဒီလိုဖြစ်ရတာပါ...
ငါဟာမွေးလာထဲကကံမကောင်းခဲ့တာ...
ငါရဲ့ဘ၀ထဲမင်းဝင်လာရင်ဒုက္ခတွေနဲ့ရင်ဆိုင်နေရအုံးမယ်..
ဒါကြောင့်ဝေးဝေးမှာပဲပျော်ပျော်နေပါတော့ချစ်သူ..
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
3:01 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Wednesday, November 14, 2007
ခံရခက်ခြင်း
ကိုယ်တကယ်ချစ်ရတဲ့ချစ်သူဆီက
အချစ်ပြန်မရတာကအရမ်းခံရခက်စေတယ်
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
2:44 PM
0
comments
Labels: ချစ်သူအတွက်ကဗျာ
Monday, October 29, 2007
မမုန်းနိုင်သေးလို့ပါ
မမုန်းနိုင်သေးလို့ပါ...
ရင်ခွင်တခုလုံးဗြောင်းဆန်အောင်နှိပ်စက်ဆော့ကစားသွားပြီးမှ
မဟုတ်သလိုမျက်နှာကလေးနဲ့ထပ်ပြီးမနှိပ်စက်ပါနဲ့တော့ချစ်သူရယ်
မမုန်းနိုင်သေးလို့ပါ...
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:56 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
ယုံကြည်ပါ
အလွမ်းတွေမောင့်ရင်ထဲမှာများနေလို့
အလွမ်းတွေသိမ်းဆည်းဖို့
ဖြစ်နိုင်ရင်မောင့်ရင်ဘတ်ဟာသမုဒ္ဒရာလောက်ဖြစ်ချင်ရဲ့ 
အလွမ်းကြောင့်မသေနိုင်ပေမယ့်
သေမလောက်လွမ်းနေမယ်ဆိုတာယုံပါမရယ်
တနေ့လောက်မအသံလေးမကြားရရင်
မနေနိုင်ဘူး....
အဲဒါအရမ်းချစ်လို့ထင်တယ်...
ချစ်ရေ...
မောင်ရင်မှာချစ်တယောက်ထဲဆိုတာချစ်အမြဲတမ်းယုံကြည်နေပါနော်......
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:35 AM
0
comments
Labels: ချစ်သူအတွက်ကဗျာ
