♥♥♥..::Welcome In ALWANMYATYAY BLOG::..♥♥♥ ®®®♥♥♥..::♥♥♥ALWAYS I LOVE YOU BUT YOU BROKE MY HEART♥♥♥::..♥♥♥®®® ®®®♥♥♥..::ALWANMYATYAY::..♥♥♥®®® ®®®♥♥♥..::Welcome To ALWANMYATYAY BLOGSPOT THANK FOR ALL::..♥♥♥®®®

Tuesday, March 11, 2008

ပူလောင်ခြင်းလမ်းခွဲ

မျက်ရည်တစ်စ

ငါ့ရင်က သွေးတစ်စနဲ့

အရာရာကို စွန့်ခွါ

ဒါဏ်ရာ ဒါဏ်ချက်ပေါင်း များစွာနဲ့

အလဲထိုးသွားတဲ့

မင်းလှည့်ကွက်တစ်ချို့မှာ

မြှုပ်လိုက် ပေါ်လိုက်နဲ့ ငါ နာကျင်သွားပြီ။

အနူးညံဆုံး အပြုံးတစ်ခု

မနေ့ကမှ

မင်းငါ့ကို လက်ဆောင် ပေးခဲ့ပါသေးတယ်။

ငါမထင်မိဘူး

အဲ့ဒီအပြုံးမှာ လမ်းခွဲခြင်းပါမယ်လို့။

အဆိုးရွားဆုံးက

နွေးထွေးနေတဲ့ မင်းရင်ခွင်မှာ

ငါ့ကို မောင်းထုတ်ခဲ့ခြင်းပဲ။

ငါအလိုက်တသိနဲ့

တိုးတိတ်စွာ ထွက်ပြေးခဲ့ပါတယ်

မင်းအရိပ်တွေ နောက်က လိုက်နေဆဲ။

မင်းငါ့ကို မောင်းထုတ်ခဲ့ပြီးပြီပဲ

နေခဲ့တော့လေ။

ငါထွက်လာတော့ မင်းပျော်မှာပါ

ငါဝေးသွားတော့ မင်းအေးချမ်းမှာပါ

ဒါပေမယ့်

ငါလေ... နာကျင်စွာ ငိုနေတုန်း

စကာလုံး တစ်ချို့နဲ့ မေ့လဲသွားတယ်။

ငါနိုးထလာတော့ ငါ့အနားမှာ

ဖိတ်စာတစ်စောင်နဲ့

မင်းအပြုံးတွေ တွေ့လိုက်ရတယ်။

အရင်တုန်းကလို အပြုံးမျိုး မဟုတ်တော့ဘူး...ချစ်သူရေ။


မှတ်ချက်ညီလေးသားဖြိုးမှပေးသောကဗျာဖြစ်ပါတယ်

No comments: