-ရင်ခုန် မြတ်နိုး
တိတ်တခိုး ချစ်
စိုးနစ် မိသော်
သူ လာရာမျှော်မှန်း
တမ်းတ ခဲ့ရသည် . . .
-ရင်တွင်း ချစ်စိတ်
ကြိတ်မှိတ် သည်းခံ
ဟန်ဆောင် ပြန်လည်း
အသည်း ကျွမ်းမျှ
လွမ်းခဲ့ ရသည် . . .
-ချစ်စိတ် ကြီးစိုး
မှန်း မျှော်ကိုး၍
ကမ်းလက် လှမ်းလျှင်
သူ မယူငင်
မကြင်နာ စွာ
ငြင်းပယ်ပါလေ မှတော့
ဒီ ဘ၀ စာ
ချစ်နေရုံ မှတပါး ..
အခြား မရှိတော့ပြီ . . .
Sunday, February 17, 2008
ချစ်နေရုံ မှတပါး
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
1:08 PM
Labels: ညီမလေးဖတ်ဖို့
Subscribe to:
Post Comments (Atom)

No comments:
Post a Comment