♥♥♥..::Welcome In ALWANMYATYAY BLOG::..♥♥♥ ®®®♥♥♥..::♥♥♥ALWAYS I LOVE YOU BUT YOU BROKE MY HEART♥♥♥::..♥♥♥®®® ®®®♥♥♥..::ALWANMYATYAY::..♥♥♥®®® ®®®♥♥♥..::Welcome To ALWANMYATYAY BLOGSPOT THANK FOR ALL::..♥♥♥®®®

Sunday, February 17, 2008

အံချော်ခြင်း

နာကျည်းမှုတွေအားလုံး

မာန မျက်နှာတစ်ခုနဲ့ ဖုံးထားတာပါကွယ်

အားလုံးရဲ့အမြင်မှာတော့

ငါက နေနိုင်သတဲ့..



ကြေကွဲမှုတွေအားလုံး

စကားလုံးတချို့နဲ့ ဖြေသိမ့်ခဲ့ရတာပါကွယ်

အားလုံးရဲ့အမြင်မှာတော့

ငါက ခံစားချက်မဲ့ သတဲ့ ..



ကျခဲ့ မိတဲ့ မျက်ရည်အားလုံး

ဟန်ဆောင်မှုအချို့နဲ့ သိုဝှက်ထားတာပါကွယ်

အားလုံးရဲ့အမြင်မှာတော့

ငါက အသည်းမာသတဲ့ ..



ချစ်မိတဲ့ ချစ်ခြင်းတွေအားလုံး

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ

မြုပ်နှံဖို့ ယခုတိုင်ကြိုးစားနေဆဲပါ

ဒါပေမဲ့ …

အားလုံးရဲ့အမြင်မှာ ..

ငါ့ရင်ထဲမှာ အချစ် မရှိဘူးတဲ့ . . .

No comments: