သည်းမဲစွာ ရွာတဲ့မိုးလို
ငါ့ရင်မှာ နေရာလပ်မကျန်အောင်
တဒင်္ဂတွေ များစွာ ရွာနေပါရောလား... မျက်ဝန်းမိုးရေ...။
လွဲဖယ်မရအောင် ညှို့ယူနိုင်လွန်းတဲ့
မင်းအကြည့်တွေမှာ
ငါ့ရင် တစ်ခု အေးစက်စက်နဲ့
အတိတ်မေ့သွားတယ်...။
ငါ့မျက်နှာတစ်ခုလုံး မိုးရေတွေနဲ့
ငါ့ရင်တစ်ခုလုံး မိုးရေတွေနဲ့...။
မင်းဖန်ဆင်းတဲ့ မိုးရေထဲမှာ
ငါဆိုတာ ရုပ်သေးရုပ်...။
မျက်ဝန်းမိုးရေ...
မင်းခိုင်းသမျှ ခေါင်းညိတ်နေသူက
ငါ့မျက်ဝန်း...။
မင်းမျက်ဝန်းကို
မင်သက်စွာ ငေးမောနေသူက
ငါ့ နှလုံးသား...။
ရင်ခုန်နေတယ် မျက်ဝန်းမိုးရေ...
မင်းရဲ့ အေးစက်ခြင်းမှာ
မင်းရဲ့ အကြည့်များစွာမှာ
ရင်ခုန်သံတွေ
တိုးတိုးလေးနဲ့ နွေးတယ်လေ...
ညီလေးသားဖြိုးရဲ့ကဗျာလက်ဆောင်လေးပါ
Sunday, March 23, 2008
မျက်ဝန်းမိုး
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
11:11 AM
Labels: မိုးအတွက်ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment