အသံလှိုင်းတွေကြား
ငါတို့နှစ်ယောက်ရင်းနှီးခဲ့ကြ
တယောက်နဲ့တယောက်မမြင်ဖူးခဲ့ပေမယ့်
မျှော်လင့်ခြင်းတွေထားချင်တယ်
အသံလှိုင်းတွေကြား
ငါတို့နှစ်ယောက်ချစ်မိသွားခဲ့ကြ
မိုင်ထောင်ချီဝေးနေကြလဲ
စိတ်နှလုံးသားချင်းနီးချင်တယ်
အသံလှိုင်းတွေကြား
ငါတို့နှစ်ယောက်သစ္စာထားခဲ့ကြ
တယောက်အကြောင်းတယောက်မသိခဲ့ပေမယ့်
ရင်ခုန်ခြင်းများနှလုံးသားကြားမှာဖွားမြင်ခဲ့တယ်
ငါနဲ့နင်ချစ်ခဲ့ကြတာအပြင်မှာမဟုတ်ပေမယ့်ရင်ထဲကအချစ်စစ်တွေနဲ့ဆိုတာငါတို့ယုံတယ်…
ငါတို့နှစ်ဦးဘယ်တော့မှမခွဲတမ်းရင်ခုန်သံတွေမရပ်တန်းချစ်ကြရအောင်ကွာ..
နောင်နှစ်ပေါင်းများစွာအထိပေါ့
သေသည့်တိုင်အောင်ရင်ခုန်သံတွေမရပ်ကြေး..
ဘယ်လိုလဲချစ်သူ
Friday, December 21, 2007
Onlineပေါ်ကချစ်ခဲ့ကြသူများအတွက်
Posted by
®®®♥♥♥..::အလွမ်းမျက်ရည်::..♥♥♥®®®
at
10:59 AM
Labels: Online မှချစ်သူတွေအတွက်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment