♥♥♥..::Welcome In ALWANMYATYAY BLOG::..♥♥♥ ®®®♥♥♥..::♥♥♥ALWAYS I LOVE YOU BUT YOU BROKE MY HEART♥♥♥::..♥♥♥®®® ®®®♥♥♥..::ALWANMYATYAY::..♥♥♥®®® ®®®♥♥♥..::Welcome To ALWANMYATYAY BLOGSPOT THANK FOR ALL::..♥♥♥®®®

Tuesday, November 20, 2007

မုန်းဖို့ရွယ်စူးမည်သူချစ်ခဲ့ပါသလဲ???

မင်းရဲ့အကြင်နာတွေနဲ့ဝေးသွားပေမဲ့

မင်းကိုချစ်တဲ့ငါက

နားလည်စွာချစ်နေဆဲပါပဲ...

မင်းရဲ့ဥပေက္ခာပြုခြင်းကို

ရင်နဲ့မမျှခံစား နေရသော်လည်း

မင်းကျေနပ်တယ်ဆိုရင်

ဝမ်းနည်းစွာကြေကွဲရင်း

မင်းကိုချစ်နေတုန်းပါပဲ...

မင်းမုန်းခိုင်းတော့လည်း

နာကျင်ခံခက်ပေမဲ့

မင်းပျော်ပါစေ

တောင်းဆုခြွေလျက်

မင်းအရှေ့ကလမ်းခွဲခဲ့ပေမဲ့

မမာနိုင်တဲ့နှလုံးသားက

မင်းကိုချစ်နေဆဲလေ...

သြော်...

မုန်းဖို့ရွယ်စူး

မည်သူချစ်ခဲ့ပါသလဲ...

No comments: